Thursday 3 December 2009

အိုးမဲ့အိမ်မဲ့နေ့ ရက်

ပင့်ကူလေးကတော့
အစေးအမျှင်
သူ့ ချည်ခင်တွေနဲ့ 
နှောင်ငင်ရက်ချုပ်
အိမ်လုပ်ပြီးနေတယ်။

ငှက်ကလေးကလည်း
မြက်ခြောက်ထုံးသီ
ကောက်ရိုးတွေစီထည့်
အိမ်ဖွဲ့ ပြီးနေတယ်။

ခါချဉ်နဂျီ
ခြတိုင်းပြည်မှာလည်း
ကိုယ်စီသက်ဆိုင်
အိုးပိုင်အိမ်ပိုင်လေးတွေနဲ့ ။

လူတွေခမြာမှာတော့
ခြံမြေရောင်းတမ်း
ကိန်းဂဏန်းတွေကြောင့်
အိမ်ခန်းအငှားတွေအဖြစ်
မြို့ ပြရဂုံ
အပူဘုံမှာ
သိုက်မြုံမဲ့နေရှာလေရဲ့ ။

မောင်နန်းဝေ (ဗန်းမော်)

ရန်ကုန်မှာနေတုန်းက တိုက်ခန်းခ တနှစ်စာချုပ်ရေးအတွက်စိတ်တွေညစ်ကြရတိုင်း အမြဲပြန်ပြန်ဖတ်ဖြစ်တဲ့ကဗျာလေးပေါ့။ ကူးထားတဲ့နေ့ စွဲရယ်၊ မဂ္ဂဇင်းနာမည်ရယ် မှတ်မထားမိဘူး။ ဘာရယ်မဟုတ်ပါဘူးလေ။ အတူနေခဲ့တဲ့သူတွေကို သတိရလို့ ။ မိဘတွေနဲ့  ဆယ်တန်းအောင်ကတည်းကခွဲပြီး တနယ်တကျေးမှာပဲ အလုပ်လုပ်တဲ့ကိုယ့်အတွက်တော့ အတူနေတဲ့အခန်းဖော်တွေကပဲ ညီအစ်မတွေဖြစ်လာကြတယ်။ ရန်ကုန်မှာက ငါးယောက်နေတဲ့အသိုက်အမြုံလေးပေါ့။ ခုတော့ သုံးယောက်နေတဲ့အသိုက်အမြုံလေးထဲရောက်နေပြန်ရော။ ဒါပေမယ့် အဲဒါလဲကြာကြာမခံပါဘူး။ ခုတော့ နှစ်ယောက်ထဲကျန်တော့တယ်။ မိုး ကတော့လွတ်ရာလွတ်ကြောင်းပြေးပြီး)။ ရှေ့မှာ ဘယ်လိုအသိုက်အမြုံလေးတွေနဲ့ ထပ်ကြုံရအုန်းမယ်မသိ။ တခါတလေလည်း ဘာကြောင့်များအတည်တကျမနေရပါလိမ့်လို့စဉ်းစားမိတယ်။ ခုဆို လူများများနဲ့ သိုက်သိုက်ဝန်းဝန်းမနေတတ်တော့တာခက်တယ်။ နားညည်းစိတ်ရှုပ်လာရော။ ကိုယ့်ရဲ့ရင့်ကျက်မှုအတိုင်းအတာက အသက်နဲ့ပြောင်းပြန်များ အချိုးကျနေလားဆိုတာ ပြန်စဉ်းစားရအုန်းမယ်။ အမေပြောသလို တယောက်ထဲဒီလောက်တောင်နေချင်နေရင် လယ်ကွင်းထဲက သစ်ပင်ခွကြားမှာ သွားထိုင်နေတဲ့။ ဘာသွားစားရပါ့။ ခက်တယ်။


မြတ်

4 comments:

  1. သစ် ပင် ခွ ကြား မှာ သွား ထိုင် ရင် တောင် ငှက် တွေ က နှောက် ယှက် အုံး မှာ- :P အဲ့ ဒီ အ ခါ ကျ ရင် ရှင် က ငှက် နဲ့ ပြိုင် ရန် ဖြစ် အုံး မှာ လား??????? မြင် ယောင် ပြီး ရယ် မိ တယ် ဟ ဟ
    ဘာ သွား စား ရ ပါ့ ဟုတ် လား အ နီး နားမှာ ရှိ တဲ့ အ ခြောက် အ ခြမ်း တွေ သာ စား လိုက် နော်

    ReplyDelete
  2. အေးပါ အေးပါ။ ပြောထားပါ။ နောက်ကျမှ ကျုပ်လိုပဲတယောက်ထဲနေချင်လှချည်ရဲ့မလုပ်နဲ့။ ဘယ်တော့ ဘလော့ စရေးမှာလဲ။

    ReplyDelete
  3. အစ်မ-တစ်ယောက်ထဲသွားထိုင်မယ့်အစား.. တို့၃ယောက်တူတူထိုင်ပြီး ရန်ဖြစ်တမ်း ကစားကြစို့.. ပျော်စရာကြီး.. :)
    2P

    ReplyDelete
  4. ဒီကဗျာဖတ်ရတာ စိတ်ထဲတမျိုးပဲ...

    ဒါလဲ လူဖြစ်ရတဲ့ ဒုက္ခပဲ ဖြစ်မယ်နော်...

းဝ)

    (ကဗျာကို ကူးယူခွင့်ပြုပါ)

    ReplyDelete