Thursday, 18 February 2010

သီးစုံကုလားဟင်း

ပါဝင်ပစ္စည်းများ

ဗူးသီး
ခရမ်းသီး
ရုံးပတီသီး
အာလူးသီး
မုန်လာဥဖြူ
နံနံပင်
မန်ကျည်းသီးမှည့်
-----------

ဗူးသီး၊ ခရမ်းသီး၊ ရုံးပတီသီး၊ အာလူးသီး၊ မုန်လာဥဖြူတို့ကို အရွယ်တော်တုံးထားပါ။

ကြက်သွန်ဖြူ၊ ကြက်သွန်နီကို ထောင်းထားပါ။

ခရမ်းချဉ်သီးပါးပါးလှီးထားပါ။ နံနံပင်ကို အရှည်လိုက် လက်နှစ်ဆစ်ခန့် ဖြတ်ထားပါ။

ဆီအိုးတည်ပြီး ကြက်သွန်ဖြူ၊ ကြက်သွန်နီကို ဆီသတ်ပါ။

ကြက်သွန်ဖြူနဲ့ကြက်သွန်နီ ၀ါရောင်သန်းလာပြီး နွမ်းလာပြီဆိုရင် ခရမ်းချဉ်သီးထည့်ပြီး လိပ်အောင်ဆီသတ်ပါ။

ပြီးရင် အာလူးသီး၊ မုန်လာဥဖြူ၊ ဗူးသီး၊ ရုံးပတီသီး၊ ခရမ်းသီးတို့ကို အစဉ်အတိုင်းထည့်၊ ငံပြာရည်ထည့် ဆီသတ်ပါ။

ပြီးရင်ရေထည့်ပြီး ဆူအောင်တည်ပါ။ ပွက်ရင် ဆား၊ အချိုမှုန့်၊ မဆလာ သင့်ရုံခတ်၊ နံနံပင် အရှည်လိုက်သင်ထားတာထည့်ပြီး ချလို့ ရပါပြီ။

ချဉ်စေချင်ရင် မန်ကျည်းမှည့် လက်တစ်ဆစ်လောက် ရေနွေးနဲ့ဖျော်ပြီး ငံပြာရည်ထည့်တဲ့ အချိန်မှာ ထည့်လိုက်ပါ။

2 comments:

  1. အာလူးသီး.. ဆိုပါ့လား။ အာလူးကဘယ်အပင်ပေါ်မှာ သီးပါလိမ့် .မယ်တော်...

    ReplyDelete
  2. ပါဝင်ပစည်းထဲမှာ ခရမ်းချဉ်သီးမပါဘဲ ချက်တော့မှပါလာတာ အံ့သြစရာပဲ...
    ငရုတ်သီးမှုန့်၊ အချိုမှုန့်၊ ဆား၊ နနွင်းမှုန့် မလိုတဲ့.. အင်မတန်စားကောင်းမယ့်အချဉ်ဟင်းပေါ့...

    ReplyDelete