Friday 6 November 2009

အနာဂတ် - ၁

ဘာရယ်မဟုတ်.. စာရေးဖို့ စိတ်ကူးပေါက်ပြီး ဘလော့ပေါ်ရောက်လာခဲ့တာပါ။
တစ်သက်လုံး စာကို မယ်မယ်ရရမလုပ်ခဲ့ပဲ ခုလို အနားနီးမှ ကောက်ခါငင်ခါထလုပ်လေ့ရှိတဲ့ ကိုယ့်ကိုယ်ကိုလည်း အပြစ်မတင်ချင်ပါဘူး။ လုပ်တာတောင် ကျေးဇူးတင်ရဦးမယ်လို့ပဲ အောက်မေ့ပါတယ်။ ဒါပေမယ့် ပြသနာက ဘာကိုမှ အရမ်း အာရုံမစိုက်ခဲ့ဖူးလို့လားမသိ.. စာလည်းလုပ်ရော၊ ခေါင်းကိုက်၊ နားကိုက်၊ ဖျားချင်သလိုလိုဖြစ်၊ စိတ်ကစဥ့်ကလျားဖြစ်လိုဖြစ်နဲ့ ကိုယ့်ကိုယ်ကိုတောင် လန့်လာတယ်။
တော်သေးတာက အစ်မတော် မြတ် ရှိနေပေလို့။ သူလည်း မေ့ဒဏ်တော်တော်ခံရရှာပါတယ်။ တတ်နိုင်ဘူးလေ။ မိုးက ဖုတ်ဖတ်ခါပြီး မေတို့နှစ်ယောက်ကို ထားခဲ့တာဆိုတော့ မေ့မှ ပြေးပဲကြည့်ကြည့်၊ ရိုးရိုးပဲကြည့်ကြည့် ရွှေမြတ်ပဲရှိတာကိုး။
မနိုင်းနိုင်းစနေရေးသလို ကိုယ့်ဖာသာကိုယ်ဖတ်ဖို့ ဆိုပြီး စာတွေထိုင်ရေး၊ ထိုင်ဖတ်လုပ်ရင်ကောင်းမလား စဉ်းစားနေတာ။ သူများတွေဖတ်ဖို့ စာမျိုးကိုမှ မရေးတတ်တာ။ ကိုယ်ရေးကိုယ်ဖတ်လုပ်တာတောင် တစ်ခါတစ်ခါ ကြောင်လိုက်တာထင်ပြီး (တစ်ချို့သော ကိုယ်ချင်းမစာတတ်သူများက ဖျက်ခိုင်းလို့ပဲ ဖြစ်ဖြစ်) ဖျက်လိုက်ရတာကလည်း ရှိသေး။
ဘာပဲဖြစ်ဖြစ်လေ.. ကိုယ်ရွေးတဲ့လမ်းကို ပြီးဆုံးအောင်မြင်အောင်တော့ လျှောက်မှဖြစ်မှာပေါ့။ လူပီသအောင် ဘာတွေလုပ်ရမယ် အကုန်မသိပေမယ့် ဖေကြီးပြောသလို "ဘာပဲလုပ်လုပ် လူချင်းတူအောင်လုပ်" တဲ့။ သူများတွေတောင်လုပ်နိုင်သေးတာ.. ကိုယ့်မှာလည်း သူတို့လိုပဲ ခေါင်းတစ်လုံး၊ လက်နှစ်ဘက်၊ ခြေနှစ်ဘက် အားလုံးတူတူပဲ။ သူတို့က ကိုယ့်ထက် ဘာမှ ပိုရှိနေတာမှ မဟုတ်တာလေ။ ကိုယ်လည်း ဖြစ်အောင်လုပ်ရမှာပေါ့။ လုပ်ရင်လည်း ဖြစ်ရမှာပေါ့။


ကိုယ့်ကိုယ်ကို အားပေးရင်း...
---
မေ

စကားမစပ်.. မမမိုး @ GiKiကို သတိရတယ်.. မြန်မြန်ပြန်လာရင် ကောင်းမယ်။ :(

1 comment:

  1. ကိုယ့်ကိုကိုယ် အားပေးနေသူကို ကျားကန်ပေးသွားပါတယ်...

    လူတိုင်း ကိုယ့်နှာခေါင်းနဲ့ကိုယ် အသက်ရှုနေကြတာ ကိုယ့်လွတ်လပ်ခွင့်နဲ့ကိုယ် ရှိပါတယ်...

    ရေးချင်လို့ စိတ်ထဲပေါ်လာတဲ့စာ ချရေးလိုက်ပေါ့...

းဝ)

    ReplyDelete