Monday 14 September 2009

ပုံး ကြိုက်တဲ့ ခင်နှမရယ်




ပုံတွေကို ဂဲဂဲဆီ ကယူပါတယ်။


မြတ်က ပုံး တွေ၊ ဗူးတွေ နဲ့  ပစ္စည်းသိမ်း ရတာ အင်မတန် ကြိုက်။ နိုင်ငံခြား ရုပ်ရှင်တွေ ကြည့် ကြည့် ပီး သူ တို့  တွေ ပစ္စည်း တွေ ကို ပုံးတွေ၊ ဗူးတွေ နဲ့  ရွှေ့နေရင် ဘာလို့ မှန်းမသိ အရမ်းသဘော ကျတာ ငယ်ငယ်ကတည်းကပဲ။ သယ်ရ ပြုရ၊ ရွှေ့ရတာ သပ်သပ်ရပ်ရပ်၊ လွယ်လွယ်ကူကူရှိတယ်လို့လည်း ထင်တယ်လေ။အရင် ရန်ကုန်မှာ အလုပ်လုပ်တုန်းကလည်း ရုံးခန်းကကောင်မလေး နဲ့ခင်အောင်ပေါင်းထားလိုက်တာပေါ့။ A4 ပုံးလွတ်တွေမျက်နှာနဲ့လေ။ ပြီးရင်အိမ်ကစာအုပ်တွေ နဲ့ ပစ္စည်းတချို့ ကို ထည့်ပြီးသိမ်းထားတာပေါ့။ နောက် မြတ် ရဲ့အကျင့်တစ်ခုက သိပ်အသုံးမလိုတဲ့ပစ္စည်းတွေ ကို မျက်စိရှေ့မှာမမြင်ချင်ဘူး။ အဖေကတော့ နာမည်ပေးထားတယ်။ မသိမ်းပျောက် တဲ့။ စာအုပ်တွေကို စက္ကူပုံးတွေနဲ့သိမ်းရတာ ပရုတ်လုံးဖိုးတော့ တော်တော်ကုန်တယ်။ စာအုပ်ရော၊ ပုံးရောက စက္ကူတွေဆိုတော့ ပိုးကောင်တွေအတွက်က အချိုရှာ သကာတွေ့ ပေါ့။

ဒီရောက်လာပြန်တော့လည်း မေ့ ကို ဒုက္ခပေးရပြန်တယ်။ ဘာရှိရမလဲ၊ A4 အတွက်ပဲပေါ့။ သူ့ခမျာလည်း အဲဒီပုံးတွေနဲ့ဆို လိုင်းကားနဲ့ပြန်မလာနိုင်ဘူးလေ။ အငှားကားနဲ့ ပြန်လာရတော့တာပေါ့။ ကားခလား? ပြန်မပေးပါဘူး This man နဲ့ this man ပဲဟာ နော့? အခုလည်း ပုံးတွေထပ်လိုနေပြန်ဘီလေ။ မိုးကပြန်တော့မှာဆိုတော့ သူ့စာအုပ်တွေကို လေယာဉ်နဲ့မသယ်တော့ဘဲနဲ့ အိမ်အထိပစ္စည်းတွေပို့ပေးတဲ့နေရာကနေပဲ ပုံးတွေနဲ့ပို့လိုက်တော့မယ်လေ။ အဲဒီတော့ မေ့ ရဲ့ ပုံးတာဝန်က ထပ်ရှိလာတော့တာပေါ့။ သူ့ရုံးကလူတွေကတော့ သူ့ကိုပုံးကုန်သည်လို့တောင်ထင်နေလောက်ပြီထင်တယ်။ မေ့ တာဝန်ပြီးတော့ မိုးတာဝန်ဖြစ်တဲ့ ချက်ပြုတ်ရေးဖက်လှည့်ကြတော့ ခြေနေ က မကောင်း။ ချက်စရာ နထ္ထိ။ ဆီ နဲ့ ဆန်ကစ အိုးလွတ်၊ ပုံးလွတ်။ (တကယ်တော့ဝမ်းသာစရာပါ။ မတော် ဆန်နည်းနည်း ကျန်နေ သေးရင် ဆန်ပြုတ်ပြုတ်ဖို့ပဲ ချောင်းနေတဲ့ မေ့ လက်စာ အဲ လက်ရာ ဆန်ပြုတ်နဲ့ နှစ်ပါးသွားနေရမှာ) အဲဒီဒေါ့ ထုံးစံအတိုင်းသွား နေကျ အိမ်နား က Carrefour (ကြော်ငြာခြင်းမဟုတ်ပါ) ကိုပဲ သုံးယောက်သား ချီတက်ကြတာပေါ့။

Carrefour ရောက်တော့ လိုအပ်တာတွေ မှာစား အဲ ဝယ်ခြမ်းရင်းနဲ့ မိုးတယောက် ရတနာပုံဆိုက်တော့တာပါပဲ။ သိကြတဲ့အတိုင်း Supermarket ဆိုတော့ ပစ္စည်းတိုင်း၊ ပစ္စည်းတိုင်း က ပါကင် ပုံးကြီးတွေ နဲ့ပဲပေါ့။ ပစ္စည်းတွေကို စင်ပေါ်စီလိုက် တော့ ကျမ တို့အကြိုက် ပုံးလွတ်တွေက အောတိုက်ပေါ့။ မိုးဘာလုပ်တယ်ထင်လဲ။ ပုံးတွေထဲက ကောင်းတဲ့ပုံးတွေကို စိတ်ကြိုက်ရွေးတော့တာပေါ့။ ပြီးတော့သုံးယောက်သား ခပ်တည်တည်နဲ့ ငွေရှင်းပြီးထွက်ခဲ့တယ်။

တကယ်တော့ Carrefour နဲ့ အိမ်နဲ့က ငါးမိနစ်စာပဲ ဝေးတာပါ။ ဒါပေမယ့် ပစ္စည်းတွေ ဗလပွနဲ့ဆိုရင်၊ လေးလည်းလေးရင် ငါးမိုင်ခရီးလောက်ထင်ရတယ်။ အဲဒီတော့ Carrefour အထွက် နည်းနည်းလည်းလှမ်းရော ဖြန့်ထားတဲ့ပုံးခွံတွေကို ပုံးပြန်ခေါက်၊ ပစ္စည်းတွေထည့်ပြီး ပြန်လာကြတာပေါ့။ ဒီကြားထဲ မိုက်ကြီးနဲ့ ပုံးတွေများလှမ်းတောင်းလေမလား တထိတ်ထိတ်နဲ့လေ။ ဘာလို့ဆို အဲဒီလိုယူလို့ ရ၊ မရ မသိဘူးလေ။ မေးလည်း စကားကမှ မပေါက်။ အိမ်ပြန်ရောက်မှ ဟင်း ချနိုင်တော့တယ်။ ဒါတောင် လမ်းတလျှောက်လူတွေက ကြည့်ကွက်၊ ကြည့်ကွက်နဲ့။ သုံးယောက်လုံး ဂရုမစိုက်ပေါင်။ တလောကလုံး ကိုယ့်လုပ်စာထိုင်ဖြုန်းနေတဲ့ရုပ်နဲ့ နေ နေ လိုက်တယ်။


ဟီး...မေ့တွားလို့၊ မြတ်ရဲ့တာဝန်ကလား? သြော်………ဘာရှိရမလဲလေ၊ ချက်ကျွေးသရွေ့လေး ဘာမဆို မငြီးငြူတမ်း၊ စေတနာ ဗလပွနဲ့ အများတကာစိတ်ချမ်းသာအောင်စားပေးရတာ မြတ်ရဲ့သမိုင်းပေးတာဝန်ပေါ့။

မြတ်

2 comments:

  1. Girl, you remind me to make poridge. Thanks and I'll do it this weekend..!! :D

    ReplyDelete
  2. ရောက်တယ်ညီမတို့ရေ ပျော်ရွင်စွာ ဘလော့နိုင်ပါစေ...
    လင့်လုပ်တတ်သွားပီ ဟီဟီ

    ReplyDelete